စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်လို့ ဘုရားကျောင်းပျက်စီးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Sep 29, 2022

ကရင်နီပြည် ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းပျက်စီးခဲ့ကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီဒေသခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ရက်နေ့ ည၉နာရီ ဝန်းကျင်ခန့် စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီးဒီးမော့ဆို အနောက်ဘက်ခြမ်းကDaw Sor Kalaw ရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ပျက်စီးခဲ့ရပြီး အဆိုပါကျောင်းအတွင်းရှိ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်သည်။

“ထိတာက Daw Sor Kalaw ရွာ ဒေါးပေါ်ကူး ရွာအ ပေါ်နားကကျောင်း ကလေးတစ်ဦးထိတယ်အသေးစားဒဏ်ရာပါပဲ “ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကရင်နီပြည်အတွင်းမှာ စစ်ကော င်စီ၏ လေကြောင်း နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အာဏာသိမ်းပြီးစမှ ယနေ့အထိ ဘာသာရေးအဆောက်အအုံ ၃၀ထက်မနည်း ပျက်စီးခဲ့ရပြီးဖြစ်သည်။