နေပူပူတွင် ‘ဘဲသွား’ ဖြင့် ပျော်ရွှင်စွာအပြစ်ဒဏ်ခံယူနေကြသည့် မြိတ် PDF လောင်းလျာများ

Author လင်းနွေဦး
Categories
Published on Apr 26, 2024

ရုပ်သံဖိုင်ကို ရုတ်တရက်ကြည့်လိုက်မည်ဆိုပါက အလိုလိုပြုံးမိဖွယ်ပင်။ ယင်းမှာ PDF သင်တန်းသားများ ပြစ်ဒဏ်ခံယူနေရခြင်းဖြစ်သည်။

 

ဧပြီနွေအပူရှိန်အောက် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၏ အပတ်စဉ်(၉)မှ သင်တန်းသားများ ထမင်းစားချိန်အတွင်း စည်းကမ်းဖောက်မိသဖြင့် နည်းပြက စစ်တပ်သုံး ပြင်းထန်လေ့ကျင့်ခန်း ‘ဘဲသွား’ ဖြင့် အပြစ်ဒဏ်ခံယူနေရခြင်းဖြစ်သည်။

 

“တစ်ခါတလေကျရင်လည်း ကျွန်တော် တော်တော်တိုင်ပတ်တာ။ စစ်ရေး အစီရင်ခံစာ(Combat Report)ရေးမလား။ ကွင်းဆယ်ပတ် ပြေးမလားဆို ကွင်းဆယ်ပတ်ပဲပြေးတဲ့ ကောင်တွေ။ လေ့ကျင့်သားပြည့်နေအောင်တဲ့လေ” ဟု ပြန်ကြားရေးတာဝန်ခံ ရဲဘော် အာနိုးက CJ Platform သို့ပြောသည်။

 

‘ပြောမယုံ ကြုံဖူးမှ သိ’ ဆိုသကဲ့သို့ပင် ‘ဘဲသွား’ သည် တော်ရုံလူငယ်မလုပ်နိုင်ဘဲ အလွန်ပြင်းထန်သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်သည်ဟု PDF ရဲဘော်ဟောင်းတစ်ဦးက ပြောပြသည်။

 

လက်ရှိ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၏ အပတ်စဉ်(၉)သင်တန်းတွင် စစ်ကောင်စီထံ စစ်မှုမထမ်းလိုသည့် လူငယ်အများအပြားပါဝင်သည်ဟု သိရသည်။

 

ရုပ်သံ – မြိတ်ခရိုင် PDF အမှတ်(၁) တပ်ရင်း

 

Related News

Depend on news