စစ်ကောင်စီထံ စစ်မှုမထမ်းလိုသူများပါဝင်သည့် ပခုက္ကူပကဖ တပ်ခွဲ ၃ သင်တန်းဆင်း

Author မင်းထက်
Categories
Published on Apr 23, 2024

စစ်ကောင်စီထံ စစ်မှုမထမ်းလိုသူလူငယ်များပါဝင်သော မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၃) မွမ်းမံသင်တန်းကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

ဒေသပေါင်းစုံ သင်တန်းသား ၅၀ ခန့်ကို တစ်လခွဲသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဧပြီ ၁၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်ဟု ယမန်နေ့ရက်စွဲဖြင့် ပခုက္ကူ ပကဖက ထုတ်ပြန်သည်။

“နယ်တော်တော်များများကတော့ ပါပါတယ်။ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲတဲ့သူတွေပါပါတယ်။ နောက်ထပ် သင်တန်းတွေလည်း ထပ်ပေးဖို့ရှိပါသေးတယ်” ဟု ပခုက္ကူပအဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ ပခုက္ကူမြို့နယ် ပ.အ.ဖ၊ ပ.က.ဖ ခေါင်းဆောင်များနှင့် တာဝန်ခံများတက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များက ပြည်သူ့ကာကွယ်ရေးအလံတော်ကို အလေးပြုခြင်း၊ သစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုခြင်းနှင့် စစ်ရေးပြခြင်း အစီအစဉ်များပြုလုပ်ခဲ့ကြသည်။

 

ဓာတ်ပုံ – ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့