ရန်ကုန်က ခြောက်ခြောက်ကပ်ကပ် လမ်းလျှောက်သင်္ကြန်

Author ကိုထားဝယ်
Categories
Published on Apr 14, 2024

ရန်ကုန်မြို့မှာ စစ်ကောင်စီက ဟန်ပြသင်္ကြန်ကျင်းပနေတဲ့နေရာမှာ ဗဟိုမဏ္ဍပ်အနီး ဘားလမ်းထဲနဲ့ ပြည်သူ့ရင်ပြင်တို့မှာ လမ်းလျှောက်သင်္ကြန်လည်းအပါအဝင်ဖြစ်ပါတယ်။

 

အရင် လူတိုးမပေါက်ခဲ့တဲ့ ရန်ကုန်လမ်းလျှောက်သင်္ကြန်တွေဟာ အခုတော့ ရန်ကုန်နွေလို ခြောက်ခြောက်ကပ်ကပ်ဖြစ်နေတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

 

ကလေး၊ လူကြီး ကစားကွင်းတွေအများအပြားရှိနေတဲ့ ပြည်သူ့ရင်ပြင်မှာ လူရှိရုံကလွဲလို့ ဘားလမ်းလမ်းလျှောက်သင်္ကြန်မှာ လူမရှိသလောက်ပဲလို့ အဲဒီနေရာတွေကို သွားရောက်ခဲ့တဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ ပြည်သူ့ရင်ပြင်မှာတော့ လူရှိတယ်။ ဘားလမ်းကတော့ ခြောက်ကပ်ကပ်ပဲ ” လို့ သူက ပြောပါတယ်။

 

ယခင် သင်္ကြန်ဒုတိယနေ့ အကျနေ့ဟာ သင်္ကြန်ပွဲကျင်းပရာနေရာတိုင်းလိုလို လူတိုးမပေါက်အောင် စည်ကားခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် ကျင်းပတဲ့သင်္ကြန်ပွဲတွေမှာတော့ ခြောက်တိခြောက်ကပ်နိုင်နေဆဲဆိုတဲ့ အကြောင်း ယနေ့ ဧပြီ ၁၄ ရက် အကျနေ့  မြင်ကွင်းတွေအရ သိရှိစေနိုင်မှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – ကိုထက်