ကုန်းသာတိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သည့်ရဲဘော် ဆေးကုသနေရစဥ် ကျဆုံး

Author ခေတ်နီ
Categories
Published on Sep 27, 2022

ယမန်နေ့ ဒီမော့ဆိုမြို့နယ် ကုန်းသာရွာတိုက်ပွဲမှာ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် ရဲဘော်တစ်ဦး ယနေ့မနက်ပိုင်းမှာ ကျဆုံးသွားပြီဖြစ်တယ်လို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU က သတင်းထုတ်ပြန်ထားသည်။
ဒီမော့ဆို့မြို့နယ် ကုန်းသာ‌ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KRU၊ DMO pdf တပ်ရင်း A ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ ညနေပိုင်းမှာသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တာပဲ ဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် KRUလက်အောက်ခံ KDF တပ်ဖွဲ့ မှ ရဲဘော်ခွန်စိုးပိုင်သူ (ခ) ခွန်ပေး (ခ) အခြောက်မသည် ယနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်ခန့်မှာ ကျဆုံးသွားတာပဲ ဖြစ်သည်။
တိုင်းပြည် နှင့် လူမျိုးအတွက် အသက်ကိုပဓာနမထားပဲ တိုက်ပွဲဝင်ခဲ့သောကြောင့် ကျဆုံးရဲဘော်အား အာဇာနည်သူရဲကောင်း အဖြစ်မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့လဲ KRUရဲ့ ထုတ်ပြန်ချက်မှာပါရှိသည်။