မအူပင်တွင် စစ်မှုထမ်း မဲပေါက်သူများကို ထောက်ပံ့ရန်ဟုဆိုကာ ပြည်သူများထံမှ ပိုက်ဆံတောင်း

Author လဂွန်းအိမ်
Categories
Published on Apr 07, 2024

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် စစ်မှုထမ်းရန် မဲပေါက်သူများကို ထောက်ပံ့ရန်ဟုဆိုကာ ပြည်သူများထံမှ လစဉ် ငွေကောက်ခံသွားရန် စစ်ကောင်စီလက်အောက်ခံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ငွေကောက်ခံရာတွင် အိမ်ထောင်စုတစ်စုလျင် မည်မျှ ပေးဆောင်ရမည်ဟု သတ်မှတ်ထားခြင်းကြောင်း၊ စစ်မှုထမ်းရန် မဲပေါက်သူများကို ထောက်ပံ့ရန်ဟု ခေါင်းစဉ်ပေးထားသော်လည်း မည်သို့ ထောက်ပံ့မည်ကိုမူလည်း ရှင်းလင်းစွာ ပြောကြားခြင်း မရှိကြောင်း သိရသည်။

 

 

” ၅ ရပ်ကွက်ဘက်တော့ အလှူခံတဲ့ သဘောမျိုး ကောက်သွားတယ်လို့ကြားတယ် အစ်မတို့ ရပ်ကွက်မှာတော့ မကောက်သေးဘူး၊ တစ်အိမ်ထောင် ဘယ်လောက်ကောက်မယ်ဆိုတာလည်း မသိရသေးဘူး” ဟု မအူပင်မြို့ခံ အမျိုးသမီးတစ်ဦးမှ CJ Platform ကို ပြောသည်။

 

မအူပင်မြို့တွင် မတ်လအတွင်း စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ရာ၌ မဲပေါက်သည့်လူငယ်များထဲမှ စစ်ကောင်စီထောက်ခံသူ လူငယ်များ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ သာမာန်လူငယ်အများစုမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းမျိုး ရှိခဲ့သည်။

 

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေအား သင်္ကြန်ကာလအလွန်မှသာ စတင်သွားမည်ဟု ဆိုထားသော်လည်း စတင်အမိန့်ထုတ်သည့် နေ့မှစ၍ ၂ လအတွင်း အမှတ်စဉ် (၁) ကိုခေါ်ယူခဲ့ပြီး အမှတ်စဉ်(၂) အတွက် မြေပြင်စာရင်းကောက်ယူမှုများကိုလည်း ဆက်လက်လုပ်ဆောင်နေခဲ့သည်။