စစ်ကောင်စီ ရန်ကုန် မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်ပြီးခါနီး၊ လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည်

Author ကိုထက်
Categories
Published on Apr 02, 2024

စစ်ကောင်စီတပ်သားအများအပြားဖြင့် ရန်ကုန်မြို့တွင် အခိုင်အမာတပ်စွဲထားသော ရန်ကုန်မြို့တော်ခန်းမရှိ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မှုမှာ ပြီးခါနီးပြီဖြစ်သည်။

 

ရန်ကုန်၏ အဓိက သင်္ကြန်မဏ္ဍပ်ကို မတ်လကုန်ပိုင်းကတည်းက လုံခြုံရေးအထပ်ထပ်ဖြင့် တည်ဆောက်နေခဲ့ခြင်းဖြစ်သည်။

 

ဗဟိုမဏ္ဍပ်ကြီးအဖြစ် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြင်ဆင်နေပြီး လမ်းလျှောက်သင်္ကြန်လည်း ပါဝင်မည်ဟု နီးစပ်သူများက ဆိုသည်။

 

အလားတူ သင်္ကြန်ရက်ကျရောက်ရန် ရက်ပိုင်းသာလိုတော့သည့်အတွက် ရန်ကုန်က မြို့နယ်အချို့တွင်လည်း မဟာသင်္ကြန်ပွဲတော် ကျင်းပရန် စစ်ကောင်စီက စီစဉ်နေသည်။

 

 

ယခုနှစ်သင်္ကြန်တွင် စစ်ကောင်စီက ခရိုင်အလိုက် မဏ္ဍပ်များဆောက်လုပ်ကာ ကျင်းပစေမည်ဖြစ်ပြီး ယနေ့အထိ မြို့တော်ခန်းမမဏ္ဍပ်သာ ဆောက်လုပ်နေသည်ကို တွေ့ရသည်။

 

 

ဓာတ်ပုံ – ကိုထက်