မတ္တရာတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ငါးဦးသေဆုံးကာ ကားမီးလောင်ပျက်စီး

Author မင်းထက်
Categories
Published on Mar 21, 2024

မန္တလေးတိုင်း မတ္တရာမြို့နယ် ဆူးပုတ်တန်းအနီးတွင် မတ် ၂၀ရက်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး ငါးဦးသေဆုံးကာ ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ကျောက်တံတားကျေးရွာမှ ညောင်ပင်သာကျေးရွာသို့ အင်အား ၆၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းသည် ရှားစျေးချက်ကြီးကျေးရွာရှိ နေအိမ် ၁၄လုံးခန့်ကို မီးရှို့ဖျက်ဆီးပြီးနောက် ညောင်ပင်သာယာကျေးရွာ မြောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာရာ ဆူးပုတ်တန်းအနီးရောက်တွင် တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“အင်အားက ဖောကားတစ်စီး အပြည့်ပါလာတာဗျ အတိအကျ မသိရဘူး။ ကျွန်တော်တို့ တိုက်ခိုက်မှုကြောင့် ငါးယောက်သေဆုံးတယ် အဲ့ထက်လဲ ပိုကောင်းပိုနိုင်တယ်။ အများအပြား ထိခိုက်ဒဏ်ရာ ရသွားပါတယ်ဗျ။ ကားကမောင်း မရတော့တာနဲ့ စစ်‌ေ-ွးတွေက မီးရှို့ ထားခဲ့တယ်” ဟု ကောင်းကင်တော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါတိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစုတပ်ဖွဲ့၊ နတ်ဆိုးမြေအောက် တော်လှန်ရေးတပ်ဖွဲ့နှင့် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – ကောင်းကင်တော်လှန်ရေးအင်အားစုတပ်ဖွဲ့