ကြိတ်စခန်းကို KNLAပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် လက်နက် အများအပြား သိမ်းဆည်းရမိ

Author ခေတ်နီ
Categories
Published on Sep 21, 2022

ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေကုတ်စခန်းတစ်ခုဖြစ်သသည့် ကြိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်ရင်း ၁၈နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးKNU (ဗဟို)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်ခန့်မှာ KNLAပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်သား ၇ဦးသေဆုံးပြီး ၂ဦးကိုဒဏ်ရာနှင့် ဖမ်းဆီးရခဲ့ကာMA ကျည်ဘောက်- 17၊ 9MM-44၊ 16 ကျည်ဘောက်- 4၊ sinper ကျဥ်ဘောက်-3၊ 60MM-12၊ 73MM-11၊ အီနာဂါ-1၊ 40MM-10၊ BA109 လက်ပစ်ဗုံး- 2၊ 73ယမ်းတောင့် -5၊ စက်လက်ကျည်-229၊ AKကျည်ဘောက်ဝိုင်း- 1၊ စကားပြောစက်- 2၊ ဖုန်း-3၊ ကပစ 5.56- 2223၊ စိန်ပြောင်းချိန်သီး- 1၊ MA5 ကျည်- 2 တို့ သိမ်းဆည်းရသည်။
RPG- 2၊ BA 100 စိန်ပြောင်း-1၊ ငါးကြင်းမြီးစက်လက်- 1၊ ပြောင်းပို-1၊ AK-1၊ MAS sinper- 1၊ MA4.MAK ပူးတွဲ-1၊ MA1-2၊ MA3-2၊ MA5-2၊ MG3-1 လက်နက်များ ကိုလဲ KNLAဘက်က သိမ်းဆည်းရမိခဲ့သည်။

အဆိုပါခြေကုတ်စခန်းကို သြဂုတ်လ ၈ ရက်နေ့ကစပြီး ပိတ်ဆို့ရိက္ခာဖြတ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာပါရှိသည်။