ရေဦးက မီးဘေးသင့်စစ်ရှောင် အိမ်ထောင်စု ၁၀ဝ ကျော်အတွက် မိုးကာများ လှူဒါန်း

Author မင်းထက်
Categories
Published on Jul 09, 2024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မီးဘေးသင့်စစ်ရှောင် အိမ်ထောင်စု ၁၀၀ ကျော်ကို ဇူလိုင် ၈ ရက်က မိုးကာများလှူဒါန်းခဲ့တယ်လို့ အဲဒီမြို့နယ်အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

 

မီးဘေးသင့်အိမ်ထောင်စု ၁၁၀ အတွက် ‘ရိုင်နို’ ရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ ပြည်တွင်းပြည်ပမှ အလှူရှင်တို့ရဲ့ ကူညီမှုတို့ဖြင့် ပေ ၁၅×၁၈ ပတ်လည်မိုးကာများနဲ့ ပေ ၂၀ ပတ်လည် မိုးကာများကိုလှူဒါန်းခဲ့တာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းတွေရဲ့ မီးရှို့မှုကြောင့် နေအိမ်ပျောက်ပြီး စစ်ရှောင်နေရသူတွေဟာ တောတိုက်၊ လယ်ကန်သင်းကျယ်၊ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖြန့်ကျက်နေထိုင်ကြပါတယ်။

 

ဓာတ်ပုံ – People’s Defense Comrade