အမျိုးသမီးအခွင့်အရေး ပထမဆုံးဖော်ဆောင်ပေးတဲ့ ဘောလုံးအသင်းဖြစ်လာတဲ့ အေစီမီလန်

Author မောင်ရှမ်း
Categories
Published on Aug 06, 2024

အီတလီစီးရီးအေ ထိပ်တန်းကလပ် အေစီမီလန်အသင်းဟာ သူတို့ကလပ်အသင်းရဲ့ အမျိုးသမီးကစားသမားတွေနဲ့ အသင်းရဲ့ဝန်ထမ်းအမျိုးသမီးတွေအတွက် ကောင်းမွန်တဲ့အခွင့်အရေးတစ်ခု ပေးအပ်ဖို့ဆုံးဖြတ်ကြောင်း ဩဂုတ် ၄ ရက်နေ့မှာ ကြေညာပါတယ်။

 

အေစီမီလန်အသင်း ထုတ်ပြန်လိုက်တဲ့မူဝါဒသစ်ကတော့ အသင်းရဲ့ အမျိုးသမီးကစားသမားဖြစ်စေ၊ အမျိုးသမီး ဝန်ထမ်းဖြစ်စေ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ရရှိမယ့် ခံစားခွင့်တွေပဲဖြစ်ပါတယ်။

 

အသင်းမှာရှိတဲ့ အမျိုးသမီးတွေဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိချိန်မှာ ကိုယ်ဝန်ဆောင်ဖြစ်ခဲ့မယ်ဆိုရင် အလိုအလျောက် စာချုပ်သက်တမ်းတစ်နှစ်တိုးခွင့်ရရှိမှာဖြစ်ပါတယ်။

 

အသင်း ပွဲစဉ်ရှိတဲ့ရက်တွေ၊ အသင်းကို လာရောက်ပူးပေါင်းရချိန်တွေမှာလည်း သူတို့ရဲ့ ကလေးငယ်တွေအတွက် ကလေးထိန်းသီးသန့် ငှားပေးထားမှာဖြစ်သလို ခရီးသွားရတဲ့အခါလည်း ကုန်ကျစရိတ်အားလုံး အသင်းဘက်က ကျခံပေးသွားမယ်လို့ သိရပါတယ်။

 

ဥရောပထိပ်တန်းဘောလုံးကလပ်အသင်းကြီးတွေဟာ သူတို့အသင်းရဲ့ ကစားသမားတွေ၊ အသင်းရဲ့ ဝန်ထမ်းတွေအတွက် ကောင်းမွန်တဲ့အခွင့်အရေးခံစားခွင့်တွေ အများကြီးပေးထားကြပေမဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ပတ်သက်ပြီး အခွင့်အရေးပေးတာမျိုးတော့ မရှိသေးပါဘူး။

 

ဒါကြောင့် အမျိုးသမီးဘောလုံးသမားတွေနဲ့ အမျိုးသမီးဝန်ထမ်းတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ငန်းတာဝန်ကနေ ရပ်နားရတာဖြစ်လို့ အဲဒီလိုဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ပြီး အဆိုပါအမျိုးသမီးတွေဟာ လုပ်ခလစာကို အပြည့်အ၀ခံစားနိုင်ဖို့ အေစီမီလန်အသင်းက ဖန်တီးပေးလိုက်တာပါပဲ။

 

ဒါဟာ ဘောလုံးအသင်းတွေထဲမှာ အေစီမီလန်အသင်းက ပထမဆုံးဖော်ဆောင်ပေးနိုင်ခဲ့လည်း ဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – Goal

 

ကိုးကား – Goal

 

Related News

Depend on news