သင်တန်းသား ၁၂၀ ကျော် ပါဝင်တဲ့ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (Photo New)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အမှတ်(၃) စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ရက်နေ့မှာ လုပ်ဆောင်ခဲ့တယ်လို့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
သုံးလခွဲကြာမြင့်ခဲ့တဲ့ စစ်ပညာသင်တန်းမှာ သင်တန်းသား ၁၂၀ကျော်ထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။