“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 05, 2024

“မပြောင်းလဲ တန့်နေမဲ့ ဒီတစ်ပတ် ငွေလဲလှယ်နှုန်း”

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ရွှေဈေးနဲ့အပြိုင် တက်နှုန်းကြမ်းခဲ့တဲ့ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတွေဟာ ဒီတစ်ပတ်မှာတော့ တမူထူးခြားခဲ့ပါတယ်။

 

အမေရိကန် ၊ စင်ကာပူဒေါ်လာ အမျိုးအစားတွေ အပါအဝင် ထိုင်းဘတ် ၊မလေးရှား ရင်းဂစ်တို့ဟာ အရင်အပတ်လဲလှယ်နှုန်းအတိုင်း မပြောင်းမလဲ တန့်နေခဲ့ပြီး တရုတ်ယွမ်ဟာ ဈေးကျခဲ့သလို ဂျပန်ယမ်း လဲလှယ်နှုန်းသာ မဆိုသလောက် ဈေးတက်ခဲ့တာပါ။

 

တရုတ် တစ်ယွမ်ကို ၅၄၂ ကျပ်မှ ၂ ကျပ်နှုန်း ကျဆင်းခဲ့ပြီး ဂျပန် တစ်ယမ်းကတော့ သုည ဒဿမ ၇၃   ကျပ်နှုန်း တိုးလာခဲ့ပါတယ်။

 

နိုင်ငံခြားငွေလဲလှယ်နှုန်းအပေါ် အချိုးကျနေတဲ့ ရွှေဈေးတွေ ပြန်လည်ကျဆင်းလာတာကြောင့်လည်း ဈေးနှုန်းတွေ ငြိမ်ခဲ့တာ ဖြစ်နိုင်သလို စစ်ကောင်စီ ရဲ့ အမေရိကန် တစ်ဒေါ်လာ ၄၀၀၀ ကျပ် မကျော်ရေး အပူတပြင်း ကန့်သတ် မှုများကြောင့်လည်း ကျပ်ငွေလဲလှယ်နှုန်း တည်ငြိမ်နေတာ ဖြစ်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင် ပညာရှင်များက သုံးသပ်ပြောဆိုထားကြပါတယ်။

 

မတ်လ ပထမအပတ် ရဲ့ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း အပိတ်ဈေးတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၉၆၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၈၇၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၇ ဒဿမ ၅၃ ကျပ်၊ ဂျပန် တစ်ယမ်း ၂၅ ဒဿမ ၈၅ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၈၈၇ ကျပ် နဲ့ တရုတ်တစ်ယွမ် ၅၄၀ ကျပ် လဲလှယ်နှုန်း ရှိခဲ့ပါတယ်။