အင်းစိန်အကျဉ်းထောင်က အကျဉ်သား/သူများ လွှတ်ပေးနေမှု ပုံရိပ်များ
ရန်ကုန်မြို့၊ အင်းစိန်(ဗဟို)အကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ အကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးနေမှုမြင်ကွင်းတွေဖြစ်ပါတယ်။
ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတဝန်း အကျဥ်းထောင်၊ အချုပ်ထောင်တွေကနေ ၅၈၆၄ ဦး လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ကို ပြည်နှင်ဒဏ်ပေးခဲ့သလို ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးကိုတော့ ၁၅ နှစ်ကို လျှော့ချပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။