စစ်ကောင်စီကြံနေတဲ့ ရွေးကောက်ပွဲ အစိတ်အပိုင်းထဲက သန်းခေါင်စာရင်းကောက်ယူမှု

Author ကိုထက်
Categories
  • Photo News
Published on Jul 03, 2024

နိုင်ငံတဝှမ်း နယ်မြေတွေလက်လွှတ်ဆုံးရှုံးနေရပေမဲ့ စစ်ခေါင်းဆောင်တစ်စု အာရုံစိုက်နေတာကတော့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးပဲဖြစ်ပါတယ်။

 

ရွေးကောက်ပွဲက နိုင်တဲ့သူကို အာဏာလွှဲမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ပြောထားပါတယ်။ ဘယ်လို အကြံနဲ့ပြောတာပါလဲ။

ဒါကြောင့် ရွေးကောက်ပွဲရဲ့အစိတ်အပိုင်းထဲကတစ်ခုဖြစ်တဲ့ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို စစ်ကောင်စီလက်အောက်ခံတွေက အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။

 

ဒီနှစ် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာပြီးဖြစ်ပါတယ်။

 

ဒါကြောင့် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့အပါအဝင် စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ ကြော်ငြာဆိုင်းဘုတ်တွေဝေဝေဆာဆာထောင်ပြီး လိုက်လံအသိပေးနေကြပါတယ်။

 

ရန်ကုန်မြို့က သန်းခေါင်စာရင်းကောက်ယူဖို့ စစ်ကောင်စီထောင်ထားတဲ့ ဆိုင်းဘုတ်တွေကို CJ Platform ရဲ့ Photo Essay ကဏ္ဍကနေ ဖော်ပြပေးလိုက်ပါရစေ။

 

ဓာတ်ပုံ – ကိုထက်