ဖားကန့်မှာ တော်လှန်ကဆုန်ညောင်ရေးသွန်းလှုပ်ရှားမှုအနေနဲ့ လှည့်လည်ဆန္ဒထုတ်ဖော်

Author အညာသား
Categories
Published on May 22, 2024

ကချင်ပြည်၊ ဖားကန့်မြို့မှာ တော်လှန်ကဆုန်လှုပ်ရှားမှုအနေနဲ့ ဒီနေ့ ကဆုန်လပြည့် မေလ ၂၂ရက် ညနေ ၅နာရီခန့်မှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်ဦးဆောင်သူဆီက သိရပါတယ်။

 

ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ၊ အာဏာရှင် စစ်ဘီလူးကို မောင်းထုတ်ကြ၊ အမိန့်အာဏာမှန်သမျှ ဆန့်ကျင်ကြ၊ စစ်မှုထမ်း ဥပဒေအလို မရှိစတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဖားကန့်မြို့အနီးတစ်နေရာမှာ အင်အား ၅၀ခန့်နဲ့ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

 

လှည့်လည်ဆန္ဒပြမှုကို မှော်လှည့်သပိတ်နဲ့ ဆိပ်မူသပိတ်အဖွဲ့တို့ ပူးပေါင်း ပါဝင်ခဲ့ပြီး အခုဆန္ဒထုတ်ဖော်တဲ့ မှော်လည့်သပိတ်စစ်ကြောင်းဟာ ကချင်ပြည်နယ်တစ်လုံးမှာ တစ်ခုတည်းကျန်နေတဲ့ သပိတ်အင်အားစုဖြစ်တယ်လို့ သိရပါတယ်။

 

Related News

Depend on news