NUG ကာကွယ်ရေးဝန်ကြီးနဲ့ ABSDF တာဝန်ရှိသူတွေ တွေ့ဆုံ (ဓာတ်ပုံသတင်း)

Author CJ Platform
Categories
  • Photo News
Published on Feb 21, 2025

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) တာဝန်ရှိသူတွေ တွေ့ဆုံကာ နိုင်ငံရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ABSDF က ဒီကနေ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

မကဒတ ဥက္ကဌ ရဲဘော်သံခဲ၊ ဒုတိယ ဥက္ကဌ ရဲဘော်လဆိုင်း၊ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်လှဌေးတို့ဟာ ကျောင်းသားတပ်မတော် အမှတ်(၁) အမှတ်(၂) အမှတ်(၃) စစ်ကြောင်းအခြေစိုက် ဒေသတွေကို သွားရောက်ပြီး တာဝန်ခံတပ်မှူးတွေ၊ ရဲဘော်တွေကို တွေ့ဆုံခဲ့တဲ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မဟာမိတ်အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ၊ ဒေသခံပြည်သူတွေနဲ့ပါ စစ်ရေး၊နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ABSDF