ငါးနှစ်အကြာမှာ ရန်ကုန်၊ ရေကျော်ပွဲဈေး စစ်ကောင်စီပြန်လုပ်ဖို့ ပြင်ဆင်
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က ထင်ရှားတဲ့ ရေကျော်ပွဲဈေးကို ဒီနှစ် ၂၀၂၄၊ နိုဝင်ဘာလ ၂၂ ရက်ကနေစပြီး ပြန်လည်ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
အဲဒီပွဲဈေးကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကစလို့ အာဏာသိမ်းခဲ့ပြီးနောက် မကျင်းပဖြစ်ခဲ့တာပါ။
“မလုပ်တာဘဲ လေးနှစ်ကျော်နေပြီလေ။ မေ့မေ့ပျောက်ပျောက်တောင်ရှိနေပါပြီ။ အခုက နိုင်ငံရေးလည်းမငြိမ်တော့ ပွဲတော်လုပ်နေရင်း တစ်ခုခုဖြစ်မှာတော့ စိုးရိမ်တယ်” လို့ ရေကျော်လမ်းထဲနေထိုင်သူ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒီနှစ်ပွဲတော်ကို နိုဝင်ဘာလ ၂၂ ရက်ကနေ ၂၅ ရက်နေ့အထိ သုံးရက်တာကျင်းပမှာဖြစ်ပြီး ဒီကနေ့မှာ ဈေးဆိုင်ခန်းတွေ ပြင်ဆင်နေတာကို တွေ့ရပါတယ်။
ဓာတ်ပုံ – ကိုထက်