“စစ်ကောင်စီပေးတဲ့ ပူလောင်သောက”
“ပူလောင်သောက၊ ပူလောင်သောက မောရတဲ့နေ့တွေဆိုတာ သံသရာတစ်လျှောက်မှာ လူတွေရဲ့ကြား ရေတွက်လို့မရ”
ကိုဖြိုးဇေယျာသော်(ခ)ဇေယျာသော် သီဆိုခဲ့တဲ့သီချင်းထဲက စာသားတစ်ပိုင်းတစ်စလေးဆိုတာ အတော်များများအသိပါပဲ။ သူသီချင်းစာသားလေးအတိုင်း မြဝတီမြို့ခံတွေဟာ ပူလောင်သောကဒဏ်ကို ခံစားနေကြရပါတယ်။ သူတို့ရဲ့ ပူလောင်သောကနဲ့ မောရတဲ့နေ့တစ်နေ့အဖြစ် ဒီနေ့(ဧပြီ ၂၀ ရက်နေ့)မေ့မရဖြစ်ခဲ့ကြရပါပြီ။
စစ်ကောင်စီနဲ့ KNLA/PDF ပူးပေါင်းအဖွဲ့တွေရဲ့ ဒီကနေ့ မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြို့ကိုစွန့်ခွာပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကနေ ထိုင်းဘက်ခြမ်းအထိ မြန်မာနိုင်ငံသားအများအပြား ရာနဲ့ချီပြီး ခိုလှုံနေကြရပါတယ်။
ထိုင်းဘက်ကလည်း ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ အနီးမှာ ယာယီစခန်းတွေဖွင့်လှစ်ပြီး နေထိုင်ခွင့်ပြုထားပါတယ်။
အဲဒီမှာ CJ Platform သတင်းဌာနက သတင်းသွားရောက်ရယူရင်း ရရှိခဲ့တဲ့ မြန်မာစစ်ဘေးရှောင်တွေရဲ့ စစ်ကောင်စီပေးတဲ့ ပူလောင်သောက ပုံရိပ်တွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။
ဓာတ်ပုံ – အေတီ