မဲဆောက်မြို့ Lotus’s စျေးဝယ်စင်တာအတွင်း သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွား

Author CJ Platform
Categories
Published on Mar 02, 2025

ထိုင်းနိုင်ငံ မဲဆောက်မြို့ Lotus’s စျေးဝယ်စင်တာအတွင်း မတ် ၂ရက်နေ့ ည၇နာရီ၂၀မိနစ် (ထိုင်းစံတော်ချိန်) ခန့်က သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ Lotus’s စျေးဝယ်စင်တာကို ရောက်ရှိနေသူ မြန်မာအမျိုးသမီးတစ်ဦးဆီက သိရတယ်။စျေးဝယ်စင်တာအတွင်းရှိ ဩရွဇာရွှေဆိုင်ကို အမျိုးသားတစ်ဦးက သေနတ်ပစ်ဖောက်ကာ ဝင်ရောက်တိုက်ခဲ့တာဖြစ်လို့ သိရပါတယ်။“သေနတ်ငါးချက် ပစ်ဖောက်သွားတယ်၊ တစ်ယောက်ထဲ ဝင်တိုက်တာလို့ ပြောတယ်၊ ကျွန်မတို့က အောက်ထပ်မှာ စျေးဝယ်နေတာ၊ အခု ထိုင်းရဲတွေအကုန်လုံး ပိတ်ပြီးတော့ စစ်နေတယ်၊ ကျွန်မတို့လည်း အပြင်ထွက်ခွင့်မရဘူး၊ Lotus’s အကြီးပါ”လို့ စျေးဝယ်စင်တာကို ရောက်ရှိနေတဲ့ မြန်မာအမျိုးသမီးတစ်ဦးက ပြောပါတယ်။ဓားပြတိုက်သွားသူကို ဖမ်းမိမမိကို မသိရှိသေးဘဲ ရွှေသားတွေ ပါသွား မပါသွားကိုလည်း မသိရှိရသေးပါဘူး။မဲဆောက်မြို့မှာ စစ်ဆေးရေးတွေ တင်းကြပ်နေပြီး မြန်မာရွေ့ပြောင်းလုပ်သားတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့အတွက် မဲဆောက်မြို့ရောက် မြန်မာအသိုင်းဝန်းက အသိပေးထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်