မင်္ဂလာဒုံမှာ ကားနှစ်စီးပေါ် ဓာတ်ကြိုးပြတ်ကျပြီး မီးလောင်လို့ ကလေးတစ်ဦးငယ်အပါအဝင် ၃ ဦး သေဆုံး

Author ကိုထက်
Categories
Published on Jun 17, 2024

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရပ်ထားတဲ့ကားနှစ်စီးပေါ် ဓာတ်ကြိုးပြတ်ကျပြီး မီးလောင်လို့ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။

 

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ ပတ္တမြားလမ်းပေါ် ရပ်ထားတဲ့ ထော်လာဂျီနဲ့ သဲကားတို့ ပစ္စည်းသယ်နေချိန် ဖြစ်ပွားခဲ့တာလို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောပါတယ်။

“ဓာတ်ကြိုးက ကားပေါ်ပြတ်ကျရာကနေ ထော်လာဂျီနဲ့ သဲကား မီးလောင်တာပါ။ သုံးနှစ်အရွယ် မိန်းကလေး တစ်ဦးနဲ့ သားအဖ နှစ်ယောက် ပေါင်း ၃ ယောက်ပါ” လို့ သူက ပြောပါတယ်။

 

သေဆုံးသူ ရုပ်အလောင်းတွေကို ပုလဲအရန်မီးသတ်က မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ကားနှစ်စီးလုံးလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့