တွံတေး ရွှေဆံတော်ဘုရား သီတင်းကျွတ် ပွဲစျေးတန်း

Author ကိုထက်
Categories
  • Photo News
Published on Oct 16, 2024

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ရွှေဆံတော်ဘုရားမှာ သီတင်းကျွတ်ပွဲဈေးတန်း ပြုလုပ်နေပါတယ်။ ကိုဗစ်ကာလနဲ့ အာဏာသိမ်းမှုတွေကြောင့် ဘုရားပွဲကို မကျင်းပနိုင်ဘဲ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ်ကမှ   ရွှေဆံတော်ဘုရားပွဲကို ပြန်လည် ကျင်းပနိုင်ခဲ့တာပါ။

ဘုရားပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပသွားမယ်လို့ စုံစမ်းသိရှိရပါတယ်။ အခုမြင်တွေ့ရမှာကတော့ ရွှေဆံတော်ဘုရား ပုရဝဏ်ထဲမှာ ပြုလုပ်နေတဲ့ သီတင်းကျွတ်ပွဲဈေးတန်းကို အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက CJ Platform က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ – ကိုထက်