ကြံသာရွာ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာမှာရှိတဲ့ စစ်ကောင်စီအခြေစိုက်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၁၁ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် ABSDF က သတင်းထုတ်ပြန်လာပါတယ်။
ကျောင်းသားတပ်မတော် အမှတ် (၃) စစ်ကြောင်း၊ တပ်ရင်း (၁၂) ၊ KKG-CDF၊ ဟံသာ၀တီ (ပကဖ)၊ CDF.-SIYIN၊ ကလေးခရိုင်ခရိုင်စစ်ဒေသ ထန်တလန်DRအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနဲ့ စစ်သုံ့ပန်းဖမ်းဆီးရရှိမှုကို ထည့်သွင်း ထုတ်ပြန်မလာသေးပေမဲ့ သတင်းဓာတ်ပုံတွေအရ လက်နက်ခဲယမ်း အများအပြားကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ABSDF