ဖားကန့်မှာ မိုးကြိုးပစ်လို့ KTV မီးလောင်

Author ခွန်စစ်နိုင်
Categories
Published on May 11, 2024

ကချင်ပြည်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ စိတ်ငြိမ်အမည်ရ KTV ကို ယနေ့ ညနေ (၃)နာရီခန့်က မိုးကြိုးထိမှန်လို့ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မိနစ် ၄၀ ခန့်ကြာလောင်တဲ့မီးကြောင့် လူထိခိုက်သေဆုံးမှုတော့မရှိခဲ့ပေမဲ့ KTV အတွင်း ပျက်စီးမှုအချို့ရှိခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

 

“မီးကြိုးကတစ်ဆင့် လျှပ်စစ်စီးဝင်ပြီး KTV အတွင်းခန်းတချို့ အသံလုံ စို့ပြားတွေမီးစွဲလောင်သွားတယ်” လို့ အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး​က ပြောပါတယ်။

 

ဓာတ်ပုံ- တာလင်းမောင်

 

Related News

Depend on news