အာဏာအားလုံး လူထုဆီသို့
စစ်အာဏာသိမ်းတဲ့ ၄ နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖေါ်ဝါရီ ၁ရက်နေ့မှာ GSC ရဲဘော်တွေက ရန်ကုန်မြို့လယ်ခေါင်မှာ ‘ All Power to the People ‘ ဆိုတဲ့ဘန်နာကို ချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ မင်္ဂလာတောင်ညွန့် သပိတ်ကော်မတီဆီက သိရပါတယ်။
မဟာဗန္ဓုလလမ်းနဲ့ ရွှေတိဂုံဘုရားလမ်း ဆုံရာ သိမ်ကြီးဈေး ဂုံးကျော်တံတားပေါ်မှာ ချိတ်ဆွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကြပ်မှု အထပ်ထပ်ကြားကနေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မတရားစစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးမှုတွေအကြား ပူပန်သောကရောက်နေရတဲ့ လူငယ်အမျိုးသား အမျိုးသမီးနဲ့ အထွေထွေအကြပ်အတည်းတွေကြားက ပြည်သူလူထုကို တစ်သားတည်းရှိနေကြောင်း ထုတ်ဖော်ပြသတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထွက်ပေါက်ရှာနေတဲ့ စစ်ကောင်စီကို လူထုအားနဲ့ ပိတ်ဆို့ တိုက်ဖျက်အောင်ပွဲအရယူကြမှာ ဖြစ်လို့ ပြည်သူလူထုကြီးရဲ့ အာဏာအလုံးစုံဟာ ပြည်သူလူထုလက်ထဲကို ပြန်ရောက်ရမှာသာ ဖြစ်တယ်လို့ သတင်းစကားလည်းပါးထားပါတယ်။
ဓာတ်ပုံ- မင်္ဂလာတောင်ညွန့် သပိတ်ကော်မတီ