၂၀၂၄ခုနှစ် ပထမဆုံးနေ့တွင် ရွှေတိဂုံဘုရားပေါ်တွင် ဘုရားဖူးများဖြင့် စည်ကားနေ

Author ခေတ်နီ
Categories
  • Photo News
Published on Jan 01, 2024

နှစ်သစ်ချိန်ကာလကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖိစီးမှုတွေ များပြားလွန်းလှတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ကိုးကွယ်ရာ အသီးသီးမှာ နှစ်သစ်အတွက် အဆင်ပြေစေဖို့ ဆုတောင်းနေကြမှာ အမှန်ပါပဲ။ ဒီကနေ့ မနက်ပိုင်းမှာတော့ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားဖူးတွေနဲ့ စည်ကားလို့ နေပါတယ်။ ဒီမြင်ကွင်းတွေကို အဝေးရောက် မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေ မြင်တွေ့ရအောင် မျှဝေလိုက်ပါတယ်။

ဓာတ်ပုံ – ခေတ်နီ