အောင်ချမ်းသာတိုက်ပွဲမှ သိမ်းဆည်းရမိသည့် လက်နက်များနှင့် စစ်ကောင်စီရုပ်အလောင်းများကို ထုတ်ပြန်လာ

Author CJ Platform
Categories
Published on Aug 28, 2022

🖋ခေတ်နီ
စစ်ကိုင်းတိုင်း ကန့်ဘလူ- ကျွန်းလှ-ကောလင်း သုံးမြို့နယ် နယ်အစပ်ရှိ အောင်ချမ်းသာရွာအနီး တိုက်ပွဲအတွင်းသေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုဓာတ်ပုံများကို ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ် အထိနာခဲ့သည် သြဂုတ်လ ၂၃ ရက် နေ့ အောင်ချမ်းသာတိုက်ပွဲမှာလေကြောင်း ပစ်ကူ များအသုံးပြု တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်က အများအပြား သေဆုံးခဲ့ကာ ၃ ဦးကို အရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက သိမ်းဆည်းရမိခဲ့တာဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်း အထိနာမှုကြောင့် စစ်ကောင် စီတပ်ဟာ အိမ်ခြေ ၇၅လုံးရှိသည့် အောင်ချမ်းသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၇၃လုံးနှင့် စပါးတင်းထောင်ချီပျက်စီးခဲ့တယ်လို့လဲ သိရသည်။