ရန်ကုန်၊ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ငါးခုမှာ မနက်ဖြန်ကစပြီး မိုးများနိုင်


ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာလ ၆ ရက် မနက် ၁၁ နာရီဝန်းကျင်ကနေ စတင်ကာ ၂၄ နာရီအတွင်း ရှမ်းပြည်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်းအရှေ့တောင်ဘက်ခြမ်းတွေမှာ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။ရန်ကုန်မှာတော့ လေဖိအားနည်းရပ်ဝန်း စဖြစ်တဲ့ မနက်ဖြန် နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းကနေစပြီး လှည်းကူးမြို့နယ်မှာ နိုဝင်ဘာ ၇ ရက်နေ့အထိ မိုးများနိုင်ပြီး မိုးရွာဖို့ ၉၅ ရာခိုင်နှုန်းရှိတယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။