ရန်ကုန်လူထုရဲ့ နေ့စဉ်ဘဝ

Author အယ်ဒီတာ
Categories
  • Photo News
Published on Sep 27, 2023

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ လူကြီး၊ လူငယ်၊ ကလေးငယ်၊ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ မြန်မာနိုင်ငံသားတွေအားလုံးရဲ့ နေ့စဉ်ဘဝတွေဟာ ဆိုးရွားတဲ့ဘက်ကို ပြောင်းလဲသွားခဲ့ရပါတယ်။

ဘယ်အချိန်မှာ မိမိနှင့် မိမိမိသားစုကို ဘယ်သူက၊ ဘယ်လို အန္တရာယ်ပြုမလဲဆိုတဲ့ စိုးရိမ်ကြောင့်ကြခြင်း တစ်နည်း မလုံခြုံမှုတွေဟာလည်း ကျွန်တော်/ကျွန်မတို့ရဲ့နေ့စဉ်ဘဝတွေကို ခြောက်လှန့်လို့နေပါတယ်။

အလားတူပဲ နေ့စဉ်ဝင်ငွေအတွက် ရုန်းကန်ရမှုတွေဟာလည်း အချိန်တိုအတွင်းမှာ ခက်ခဲကြပ်တည်းတဲ့ပြောင်းလဲမှုဆီကို တစ်ရက်ပြီး တစ်ရက် တွန်းပို့လို့နေပါတယ်။

ဒါ့ကြောင့် မီးဖိုချောင်ထဲက ငြီးငြူသံတွေဟာ တဖြည်းဖြည်းနဲ့ ကျယ်လောင်လာနေပါတယ်။ မီးဖိုချောင်ထဲမှာ အခွံပဲကျန်တဲ့ ဆီဘူး၊ မထည့်တာကြာလို့ မှိုစွဲနေတဲ့ဆန်အိုးနဲ့ ထမင်းနပ်မှန်အောင်စားနိုင်ဖို့ နေ့စဉ်ရုန်းကန်နေကြရသူတွေ များသထက်များ၊ တိုးသထက်တိုးလာနေပါတယ်။

လူတွေရဲ့နေ့စဉ်ဘဝ၊ အထူးသဖြင့် ရန်ကုန်လူထုရဲ့နေ့စဉ်ဘဝတွေဟာ ချွတ်ခြုံကျနေတဲ့ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးအောက်မှာ လူတွေဟာလည်း နင်းပြားဘဝမှာ တဝဲလည်လည်။

ဒါတွေ ဘယ်တော့ ပြန်ကောင်းလာမလဲ။

နိုင်ငံရေးနဲ့ စီးပွားရေး၊ လူမှုရေး အားလုံးဆက်စပ်နေသလို ဒါတွေကောင်းဖို့အတွက် အစိုးရကောင်းတစ်ရပ်မဖြစ်မနေလိုအပ်နေပါတယ်။

အကောင်း၊ အဆိုး ပြည်သူများ ရွေးချယ်ပါ။

ဓာတ်ပုံ-ကိုထက်