ဖောင်းပြင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သားတစ်ဦး သေဆုံး

Author ခေတ်နီ
Categories
Published on Dec 23, 2023

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သားတစ်ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

 

ဖောင်းပြင်မြို့နယ်အတွင်းရှိ  သရောင်းရွာကို ရဟတ်ယာဥ်အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးကာ လူဆယ်ဦးထက်မနည်း ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ သိသလောက်ဆို ကားသမားတစ်ဦး သေတယ် ၊စုစုပေါင်း ဆယ်ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ် အဲ့ထဲမှာလည်း ပြင်းထန်တဲ့သူတွေရှိတယ်၊”ဟု ဒေသတွင်းရှိ  တော်လှန်ရေးသတင်းရင်းမြစ်က ဆိုသည်။

 

လေကြောင်းတိုက်ခိုက်ခံရချိန်တွင် အဆိုပါကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒေသတွင်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးရန် ပြင်ဆင်မှုများရှိနေကြောင်း သိရသည်။

 

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ သုတိဿာကျေးရွာရှိ စစ်ရှောင်များ ခိုလှုံ့ရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး အရပ်သားခြောက်ဦး သေဆုံးခဲ့သည်။

Related News

Depend on news