ဖူဂျီစက်ရုံ အလုပ်သမားသပိတ် တစ်ပတ်နီးပါးကြာသည်အထိ ပြေလည်မှုမရသေး

Author ခေတ်နီ
Categories
Published on Sep 29, 2022

ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်ရှိ ဖူဂျီဆပ်ပြာထုတ်သည့် Shwe Thazin Co., Ltd စက်ရုံက အလုပ်သမားများသည် နှစ်နှင့်ချီပြီး အချိန်ပိုကြေးမရရှိတာကြောင့် အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြတာဖြစ်ပြီး တပတ်နီးပါးကြာသည်ထိ သဘောတူညီချက်မရရှိသေးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ရွှေပြည်သာစက်မှူဇုန် ၂၊ ကနောင်မင်းသားကြီး လမ်းသွယ် ၁ က Shwe Thazin Co., Ltd အမည်ရှိ ဖူဂျီဆပ်ပြာထုတ်လုပ်သည့်စက်ရုံတွင် အလုပ်သမား ၅၀ ကျော်ကို နှစ်နဲ့ချီပြီး အချိန်ပိုကြေးမပေးခဲ့တာကြောင့် ထိုစက်ရုံမှ အလုပ်သမားများသည် စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြပဲဖြစ်သည်။

လုပ်အားခကို ကုန်ချောအလုပ်သမားများနဲ့ တန်းတူလုပ်သက်ကြေးပေးဖို့၊စနေနေ့တိုင်း လုပ်အားခမရဘဲ ၄ နာရီကြာ အချိန်ပိုဆင်းပေးနေရတာအတွက် အချိန်ပိုကြေးပေးဖို့ စတဲ့ တောင်းဆိုချက်များကို အလုပ်သမားများဘက်က အဓိကထား တောင်းဆိုနေခြင်းဖြစ်သည်။

ယခုလိုအလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်ဘက်က ငြင်းပယ်ထားပြီး တောင်းဆိုသည့် အလုပ်သမားများကိုလဲ စက်ရုံအတွင်းမှာ လူမိုက်များမွေးထားကာ သွားလာရင်းရိုက်နှက်ခံရသည်ဟု လုပ်ဆောင်မည်ဟု ခြိမ်းခြောက်မှုများနှင့် ညှိနှိုင်းမှုကို လက်မခံပါက လျော်ကြေးပေးပြီး အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း ဗမာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM က တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အလုပ်ရပ် သပိတ်လုပ်နေတဲ့သူတွေကို မန်နေဂျာကလာပြီးခြိမ်းခြောက်တာတွေရှိတယ်ပေါ့ လူမိုက်မွေးထားတယ် သွားလာရင်းရိုက်ခံရမှာ မကြောက်ဘူးလားဆိုပြီးပေါ့ အလုပ်သမားတွေက ညှိနှိုင်းဖို့သွားတော့လဲ အလုပ်ရှင်က နှင်ထုတ်တယ်”ဟု CJ Platform ကို ပြောသည်။

ယခုအခြေအနေများနှင့် ပတ်သက်ပြီး အစိုးရအလုပ်သမားရေးရာဌာနများဘက်က ကြားဝင် ဖြန်ဖြေညှိနှိုင်းပေးတာမျိူးလည်း မရှိသေးကြောင်း သိရသည်။

Related News

Depend on news