နိုင်ငံတော်ပိုင်ရွှေများ ရောင်းချသည့် ဗဟိုဘဏ်အပါအဝင် ပတ်သက်သူအားလုံးကို တရားစွဲအရေးယူမည်ဟု NUG ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 02, 2022

နိုင်ငံတော်ပိုင် ရွှေများရောင်းချသည့် ဗဟိုဘဏ်အပါအဝင် ပတ်သက်သူအားလုံး တရားစွဲဆိုကာ အရေးယူမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အပ်နှံထားသည့် နိုင်ငံတော်ပိုင် ရွှေဒင်္ဂါးပြားများနှင့် ရွှေချောင်းများကို စီမံချက်ဖြင့်ကောင်းချနေသည်ဟု NUGကထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အကြမ်းမဖက် ဆန္ဒထုတ်ဖော်ခြင်းများကို အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို အာဏာသိမ်းသည့်ချိန်မှ ယနေ့ထိ ဆက်တိုက်ပြုလုပ်ခဲ့သည့်အပြင် ယနေ့ထိ ကလေးသူငယ်နှင့် အမျိုးသမီးအပါအဝင် ပြည်သူလူထုကို ညှဥ်းပန်းနှိပ်စက်နေကြောင်း NUGကဆိုသည်။

ထို့ကြောင့် ပြည်သူလူထုသည် အမြင့်ဆုံးတော်လှန်ရေးကိုဆင်နွှဲနေရပြီး အခြားတစ်ဘက်တွင် ပြည်သူကို သတ်ဖြတ်နေသည့် စစ်ကောင်စီအတွက် လိုအပ်လျက်ရှိသော ငွေကြေးများကို စစ်ကောင်စီလက်အောက်ခံ Non CDMဝန်ထမ်းများက နိုင်ငံတော်ပိုင်ပစ္စည်းများကို ရောင်းချနေကြောင်း NUGက ထုတ်ပြန်ထားသည်။

ထို့ကြောင့် နိုင်ငံတော်ပိုင်ရွှေများ ရောင်းချသည့် စီမံချက်တွင်ပါဝင်းေသာ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သယံဇာတနှင့်သဘာသပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မြတ်ရတနာလုပ်ငန်းနှင့် အမှတ် ၂ သတ္ထုတွင်းလုပ်ငန်းတို့မှ စီမံခန့်ခွဲသူ အရာရှိ၊အရာထမ်းများ ပါဝင်ပတ်သက်သူအားလုံးကို တည်ဆဲဥပဒေအရ တရားစွဲဆို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။