ထိုင်းရောက် စစ်မှုမထမ်းလိုသည့် လူငယ် ၂၀ ဦးခန့် မေမေ့ရင်ခွင်အဖွဲ့ ကူညီ

Author ဝက်ဝံနက်
Categories
Published on Apr 09, 2024

စစ်ကောင်စီလက်အောက် စစ်မှုမထမ်းဆောင်လိုဘဲ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ရောက်ရှိလာသည့် လူငယ် ၂၀ ဦးခန့်ကို မေမေ့ရင်ခွင်အဖွဲ့က နေစရာနှင့် စားစရာများ အခမဲ့ကူညီပေးထားကြောင်း အဆိုပါအဖွဲ့တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

 

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့မှ လူငယ်များကို အလုပ်အကိုင်ရရှိရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကအတည်ပြုလိုက်သည့် စစ်မှုမထမ်းမနေရဥပဒေဖြင့် မတ်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ အတွက် သင်တန်းသားများကို ခေါ်ယူခဲ့သည်။

 

စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသော လူငယ်များကို တော်လှန်ရေးအင်အားစုများနှင့် မဲဆောက်ရှိ NGO၊ INGO အဖွဲ့များက အကူအညီများပေးနေကြောင်း သိရသည်။

Related News

Depend on news