တက္ကသိုလ်ဝင်စာမေးပွဲတွေ စတင်ကျင်းပ၊ လုံခြုံရေးတွေ တင်းကျပ်ထား

Author CJ Platform
Categories
Published on Mar 11, 2026

တက္ကသိုလ်ဝင်စာမေးပွဲတွေကို ဒီကနေ့ မတ် ၁၁ ရက်မှာ စတင်ဖြေဆိုနေပြီပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ စာစစ်ဌာနပေါင်း ၁၁၁ ခုအပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ၄ ခုမှာ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၄၉,၂၂၇ ဦး ဝင်ရောက်ဖြေဆိုကြတယ်လို့ စစ်အုပ်စုလက်အောက်ခံ ရန်ကုန်တိုင်းပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောကြားထားပါတယ်။

စစ်အုပ်စုဟာ ရန်ကုန်တိုင်းအတွင်းမှာ လုံခြုံရေးတွေကိုလည်း တင်းကျပ်ထားတာတွေကို တွေ့ရှိရတယ်လို့ သိရပါတယ်။

စက်သုံးဆီချွေတာရေးအတွက်ဆိုကာ စစ်အုပ်စုက မော်တော်ယာဉ်တွေကို စုံ၊ မ ခွဲခြားကာ သွားလာစေပေမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ သွားလာမယ့် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မော်တော်ယာဉ်တွေကိုတော့ ရပ်ကွက်ထောက်ခံစာ၊ ကျောင်းထောက်ခံစာတွေ ရယူခိုင်းပြီး သွားလာခွင့် ပြုထားတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ သူတို့စိုးမိုးနယ်မြေမှာ ပညာရေးအဆင့်မြှင့်တင်ရေးဆိုကာ ကြွေးကြော်ထားပေမယ့် စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

 

#CJPlatform #MatriculationExam #Yangon #Education #စုံမကန့်သတ်ချက် #MyanmarNews