စစ်ကောင်စီတပ်နှင့်နောက်လိုက်များ ချောင်းဦးရွာကို ရွာလုံးကျွတ်မီးရှို့ခြင်းနှင့် မင်းတိုင်ပင်ရွာရှိ ပြည်သူပိုင်ပစ္စည်းများကို အကြိမ်ကြိမ် ခိုးယူခဲ့ကြောင်း ပျူစောထီး တစ်ဦးထွက်ဆို 

Author နေလှိုင်ဦး
Categories
Published on Nov 10, 2022

 

အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် ပျူစောထီးများသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ချောင်းဦးရွာကို ရွာလုံးကျွတ်မီးရှို့ခြင်းနှင့် မင်းတိုင်ပင်ရွာရှိ ပြည်သူပိုင်ပစ္စည်းများကို အကြိမ်ကြိမ် ခိုးယူခဲ့ကြောင်း ပျူစောထီး တစ်ဦးသည် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ပြောကြားခဲ့သည်။

နို၀င်ဘာ ၅ ရက် တွင် မုံရွာ(နမခ) မှ ပြန်လာသည့် ဇီးဖြူကုန်းရွာ(ပျူရွာ) သား ကိုလှမိုးကို ပုလဲ PDF က ဖမ်းဆီးခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကျဉ်းချ ထိန်းသိမ်းခဲ့သည်။

ထိန်းသိမ်းခံရသည့် ဇီးဖြူကုန်းရွာ(ပျူရွာ)သား ကိုလှမိုးသည် စစ်တပ်နှင့် ပျူစောထီးများ၏ အကြမ်းဖက် လုပ်ရပ်များနှင့် ပြည်သူများ ထံမှ ခိုးယူခဲ့သည့် အကြောင်းကိစ္စ အားလုံးကို ပုလဲမြို့နယ် ပ.အ.ဖ ထံသို့ အကြောင်းစုံပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“ဇီးဖြူကုန်းရွာမှာ ကျော်ထွေး၊ အောင်ကြီး၊ ၀င်းဦး၊ ကြည်နိုင်၊အောင်၀င်းတို့က ပျူစောထီးခေါင်းဆောင်တွေဖြစ်တယ်။ ကျွန်တော်က ကျန်းမာရေးမကောင်းတော့ ထွက်မပြေးနိုင်လို့ ရွာမှာကျန်ခဲ့ပြီး ကင်းစောင့်တာ၀န်ယူရတယ်။ သေနတ်ကိုင်ဆောင်ခွင့်တော့ မပေးထားဘူး” ဟု ထိန်းသိမ်းခံထားရသည့် ကိုလှမိုးက ထွက်ဆိုခဲ့သည်။

ကိုလှမိုးသည် TB ရောဂါကြောင့် ထွက်မပြေးနိုင်သဖြင့် ဇီးဖြူကုန်း(ပျူရွာ) တွင် ကျန်ရှိခဲ့ပြီး ပျူစောထီးအဖွဲ့သို့ မဖြစ်မနေ၀င်ရောက်ခဲ့ရကြောင်း၊ ထို့နောက် TB ရောဂါအား ကုသရန် စစ်ကောင်စီသည် မုံရွာ(နမခ) သို့ခေါ်ဆောင်ကာ နှစ်လခန့် ဆေးကုသပြီးနောက် ရွာသို့ ပြန်လွှတ်ရာတွင် တွင် ပုလဲ PDF က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- နေလှိုင်ဦး

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

 

#CjPlatform #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ချောင်းဦးရွာ #ဇီးဖြူကုန်းရွာ #ပျူစောထီး