စစ်ကောင်စီက တစ်လတွင်း ပြည်သူပိုင်နေအိမ် ၁၄၀၀ နီးပါးမီးရှို့ဖျက်စီးသကဲ့သို့ လူ ၂ ဦးကို မီးရှို့သတ်ဖြတ်ဟု NUG မီးသတ်တပ်ဖွဲ့ဆို

Author မင်းထက်
Categories
Published on Oct 04, 2023

စစ်ရာဇဝတ်မှုများကျူးလွန်နေသော စစ်ကောင်စီ၏ စက်တင်ဘာတစ်လအတွင်း မီးရှို့ဖျက်စီးမှု ၅၇ ကြိမ်တွင် ပြည်သူပိုင် နေအိမ် ၁၄၀၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများလည်းပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။

ထို့ပြင် မီးရှို့သတ်ဖြတ်ခံရသူ ၂ ဦး၊ ဘာသာရေးအဆောက်အဦး ၁ လုံး၊ ဆေးရုံ/ဆေးပေးခန်း ၁ ခု၊ စာသင်ကျောင်း ၃ ခုတို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မီးရှိုဖျက်စီးခံရသည့် တိုင်းနှင့် ပြည်နယ်များမှာ ကချင်၊ ကရင်ပြည်နယ်တို့အပါအဝင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင် တနင်္သာရီတိုင်းတို့မှ နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ/ဆေးပေးခန်းများနှင့် စာသင်ကျောင်းများပါဝင်ခဲ့ပြီး ကချင်ပြည်နယ်နှင့် မကွေးတိုင်းတို့မှ ၁ ဦးစီ မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ယခုဖော်ပြအပ်သောအချက်အလက်များသည် လွတ်လပ်သောသတင်းမီဒီယာများ၊ အရပ်ဘက်အဖွဲ့စည်းများ၏ ထုတ်ပြန်ချက်များနှင့် မြေပြင်ရှိပြည်သူလူထုမှ ပေးပို့သော သတင်းအချက်အလက်များကို စိစစ်ဖော်ပြခြင်းဖြစ်ပြီး ယခုဖော်ပြသောအချက်အလက်များထက် မြေပြင်တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုမှာပို၍ များပြားနိုင်ကြောင်း NUG မီးသတ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Related News

Depend on news