ခေါက်ပလော့ကျေးရွာတိုက်ပွဲ၌ ကျဆုံးသွားသည့် ရဲဘော်များ၏စျာပနပြုလုပ်

Author ခေတ်နီ
Categories
Published on Sep 27, 2022

ကရင်နီပြည် ဒီမော့ဆိုမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ခေါက်ပလော့ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့်တိုက်ပွဲ၌ ကျဆုံးသွားသည့် ရဲဘော် နှစ်ဦး၏ စျာပနာကို ပြုလုပ်ခဲ့တယ်လို့ KNDFတပ်ရင်း ၁မှ ယမန်နေ့တွင် ထုတ်ပြန်လာသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက် ခေါက်ပလော့ကျေးရွာအနီး စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်များကြား တိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFတပ်ရင်း ၁ မှ ရဲဘော်စောဿဒင်နှင့် ရဲဘော်စေးဒိုထူးတို့ ကျဆုံးခဲ့ခြင်းဖြစ်ပြီး ကျဆုံးရဲဘော်များ၏ စျာပနကို ကရင်နီပြည် တစ်နေရာ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။
ထို့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့မှာပဲ ခေါက်ပလော့ကျေးရွာအနီးစစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိမှုကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၁၁၀၇ တပ်ရင်း၏ စစ်ကြောင်းမှူးတစ်ဦး ကျဆုံးသွားခဲ့သေးသည်။