ကြည့်မြင်တိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံ လွှင့်ထူ

Author လင်းနွေဦး
Categories
Published on Feb 21, 2024

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် တစ်နေရာ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလံကို လွှင့်ထူကာ စစ်တပ်ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန်သည့် လူထုလှုပ်ရှားမှု တစ်ခုအား ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း Kyimyingdaing Networks(KMD18) အဖွဲ့ တာဝန်ရှိသူ တစ်ဦးမှ CJ Platform သို့ သတင်းပေးပို့သည်။

 

“အခြားတစ်ပါးကို ရှောင်ထွက်ပြီး ကိုယ်လွတ်ရုန်းသွားလည်း မလွတ်နိုင်တဲ့ အခြေအနေမှာ ပြည်သူအားလုံးကို ကျွန်တော်တို့နှင့်အတူ ပြည်သူ့ကာကွယ်ရေးအလံတော်အောက် မှာ ခုခံတွန်းလှန် တိုက်ပွဲဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တော်လှန်ရေး အင်အားစု အားလုံးကလည်း ပြည်သူနဲ့အတူရှိနေပြီး ကျွန်တော်တို့နဲ့အတူ ရုန်းထွက်ကြဖို့ တိုက်တွန်ူအားပေးပါရစေ” ဟု KMD18 ၏ တာဝန်ရှိသူမှ ဆိုသည်။

 

စစ်တပ်ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်လူထုလှုပ်ရှားမှုကို Kyimyingdaing Networks(KMD18) နှင့် Mayangone Democratic Front(MDF)တို့ ပူးပေါင်းကာ “ပြိုင်တူ ရုန်းမလား၊ကိုယ်လွတ်ရုန်းမလား” ဘန်နာများ ချိတ်ဆွဲ ကိုင်ဆောင်၍ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။