ကုန်းသာကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ (၁၅)ဦးသေ
ကရင်နီပြည်၊ ဒီမော့ဆို့မြို့နယ်ရှိ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ခန့်သေဆုံးခဲ့တယ်လို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ညနေ ၄နာရီမှ ၆ နာရီကျော်အထိ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များဖြစ်သည့် KRU၊ DMO pdf တပ်ရင်း A ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့များဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရပြီး KRU ဘက်မှ ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KRU၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဓာတ်ပုံ-KRU