“We are freedom and voices”

Author အယ်ဒီတာ့အာဘော်
Categories
Published on Dec 07, 2022

A reporter is always concerned with tomorrow. There’s nothing tangible of yesterday.

Edwar R.Murrow :

Burma Citizen Journalist Platform Organization သည် မြန်မာနိုင်ငံ၌ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် သတင်းအမှောင်ချမှုများမှ ကာကွယ်ရန် ပကတိမြေပြင်တွင် ဖြစ်ပေါ်နေသည့် အသံမဲ့ ပြည်သူများ၏ အသံများအား ထုတ်ဖော်တင်ဆက်နိုင်ရန် ၂၀၂၁ခုနှစ် မတ်လ ၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

Burma Citizen Journalist Platform Organization ၌ အတွေ့ကြုံရင့် သတင်းမီဒီယာသမားများ ဦးဆောင်ပြီး စစ်အာဏာသိမ်းပြီးနောက် CDMလုပ်ဆောင်နေသည့် ကျောင်းသားကျောင်းသူများ ဝန်ထမ်းများအား သတင်းပညာရပ်များ သင်ကြားပေးကာ သတင်းရေးသားတင်ဆက်စေသည်။ ဦးဆောင်သူအများစုနှင့် ပူးပေါင်းပါဝင်သူများမှာ မြန်မာပြည်တွင်း၌ မြန်မာစစ်တပ်၏ ဖမ်းဆီးမှု ပိတ်ပင်များမှ ရှောင်တိမ်းကာနေထိုင်ရင်း သတင်းများ တင်ဆက်နေခြင်းဖြစ်သည်။

၂၀၂၁ခုနှစ် ဧပြီလအတွင်း CDMကျောင်းသား၊ ကျောင်းသူများအား ပထမဆုံးအကြိမ် အခြေခံသတင်းစာပညာ သင်တန်းအား စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

သင်တန်းအပြီးတွင် —- ဟုအမည်ဖြင့် Facebook Page ဖွင့်လှစ်ကာ သတင်းများ စတင် တင်ဆက်ခဲ့သည်။ ၂၀၂၁ခုနှစ် ဩဂုတ်လတွင် Page အက်ဒမင်နှစ်ဦး ဆန္ဒပြပွဲတစ်ခုတွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခံရပြီးနောက် ယာယီရပ်တန့်ခဲ့ရသည်။

၂၀၂၂ခုနှစ် မတ်လတွင် —- အား အခြား အမည်ပြောင်းလဲကာ သတင်းများ ပြန်လည်တင်ဆက်ခဲ့သည်။ အမည်ပြောင်းလဲ တင်ဆက်နေမှုအား မြန်မာစစ်တပ်မှ ထောက်လှမ်းရေးများ သိရှိသွားခြင်းကြောင့် အထိန်းသိမ်းခံထားရသည့် Page အက်ဒမင်ဟောင်း နှစ်ဦးအား ထောင်တွင်း နှိပ်စက်မှုများလုပ်ဆောင်သည်ဟု သတင်းရရှိမှုကြောင့် ၎င်း Pageအား အပြီးတိုင် ရပ်နားခဲ့ရသည်။

၂၀၂၂ခုနှစ် ဇူလိုင်လ ၉ရက်နေ့တွင် CJ Platform အမည်ဖြင့် Facebook Page အသစ်ဖွင့်လှစ်ကာ ယနေ့အချိန်ထိ သတင်းများရေးသားဖော်ပြနေပြီး Website Link: https://cjplatform.com/ ,Telegram Link: https://t.me/cjplatform , YouTube Link: https://www.youtube.com/@cjplatform , Twitter Link: https://twitter.com/CjPlatform များတွင်လည်း တင်ဆက်ဖော်ပြနေလျှက်ရှိသည်။

CJ Platform အမည်ဖြင့် သတင်းများ စတင်တင်ဆက်ချိန်မှ ယနေ့အချိန်ထိ CJ Platform သတင်းဌာနမှ အလွတ်တန်း သတင်းထောက် သုံးဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး တစ်ဦးမှာ ယနေ့အချိန်ထိ မြန်မာစစ်တပ်၏ စစ်ကြောစခန်းတွင် ဖြတ်သန်းနေရစဲ ဖြစ်သည်။ ၎င်းတို့ မိသားစု၏ စိတ်ဆန္ဒဆုံးဖြတ်ချက်အရ အမည်များနှင့်တကွ သတင်းထုတ်ပြန်ခြင်း မပြုခဲ့ပေ။

မည်သို့ပင် အခက်အခဲများ ကြုံတွေ့စေကာမှု “We are freedom and voices.” ဟူသည့် CJ Platform၏ ဆောင်ပုဒ်နှင့်အညီ အသံမဲ့သူ ပြည်သူများ၏ လွတ်လပ်သည့် အသံအဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်သည်။