Sir Bobby Charlton (သို့မဟုတ်) မှော်ဝင်သော ဂုဏ်ပုဒ်များ ချန်ရစ်ကာ ကြွေလွင့်ခဲ့သော ကြယ်တစ်ပွင့်

Author လင်းနွေဦး
Categories
Published on Oct 23, 2023

ဘောလုံး အားကစား သည် အစဉ်အလာ အကြီးမားဆုံးနှင့် ပရိတ်သတ် အားပေးမှု အများဆုံးသော အားကစားတစ်မျိုးဟု ဆိုလျှင်လွန်မည် မထင်။

ဘောလုံးသမိုင်းတစ်လျှောက် ခေတ်အဆက်ဆက် Greatest Player Of All Time (GOAT) ဟု သတ်မှတ်ခံရသော ကစားသမားများလည်း အမြောက်အများ ပေါ်ထွက်ခဲ့ပြီး ဖြစ်သည်။

၂၀ ရာ စု အလယ်ပိုင်းနှင့် နှောင်းပိုင်းထဲမှ အကောင်းဆုံး ကစားသမားများအား ဆွဲထုတ်ပြရမည် ဆိုလျှင် အာဂျင်တီးနားမှ မာရာဒိုနာ ၊ ဘရာဇီးမှ ပီလီ ၊ အင်္ဂလန် မှ ဘော်ဘီ ချာတန် တို့ ပင် ဖြစ်ပေလိမ့်မည် ။

ထို အကျော်အမော်များထဲမှ ကြယ်တစ်ပွင့်အား ဘောလုံးချစ်သူတို့အဖို့ အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ထပ်မံဆုံးရှုံးလိုက်ရပြန်လေပြီ ။

သူကား အင်္ဂလန်အား ကမ္ဘာ့ဖလား ရစေခဲ့သူ ၊ ဘလွန်းဒီအော ပိုင်ရှင် ၊ မန်ချက်စတာ ယူနိုက်တက်၏ ထာဝရ ဂိုးသွင်းအများဆုံး မှတ်တမ်းရှင် ၊ ပြိုင်ဘက်များ၏ အိမ်မက်ဆိုး၊ GOAT တစ်ပါး ဟု သတ်မှတ်ခံရ ပြီး အင်္ဂလန် ဘုရင်မ၏ “Sir” ဘွဲ့ ချီးမြှင့်ခြင်း ခံရသူ စသည့် ဂုဏ်ပုဒ်များ ပိုင်ရှင် ဆာ ဘော်ဘီ ချာတန် ပင်ဖြစ်သည်။

■ ကြေကွယ်ဖွယ်ရနေ့တစ်နေ့

အထက်ပါ ဂုဏ်ပုဒ် များပိုင်ရှင် Sir Bobby Charlton (ဆာ ဘော်ဘီ ချာတန် ) မှာ ပြီးခဲ့သည့် စနေနေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ပိုင်းတွင် မိသားစုများ ဝန်းရံလျက်ပင် လောကကြီးမှ ကြွေလွင့်သွားခဲ့သည်။

ဆာ ဘော်ဘီ ချာတန် မသေဆုံး မှီ ရှေ့တစ်ပတ်ကမှ သူ၏ ၈၆ နှစ်ပြည့် မွေးနေ့ အား ကျင်းပခဲ့ သေးကြောင်း နိုင်ငံတကာ မီဒီယာများမှ ဖော်ပြသည်။

သေဆုံးရသည့် အကြောင်းမှာ မူ ၂၀၂၀ ခုနှစ်တွင် သေဆုံးခဲ့သော သူ၏ အကို ( ကမ္ဘာ့ ဖလား ချန်ပီယံဟောင်း) Jack Charlton တွင် ခံစားခံရသော ဦးနှောက် အာရုံကြောဆိုင်ရာ ရောဂါ ( Dementia) ရောဂါနှင့် ထပ်တူခံစားရကာ ဆုံးပါးခဲ့ခြင်းဖြစ်သည်ဟု နီးစပ်ရာ အသိုင်းအဝိုင်းမှ ဆိုသည်။

“အသင်းရဲ့ နက်ရှိုင်းတဲ့ နှလုံးသား မှ ခံစားရတဲ့ စာနာ နားလည် မှုများ နှင့် သူ၏ ဇနီး လေဒီ နော်မာ ၊ သမီးများ၊ မြေးများ နှင့် သူ့အား ချစ်ခင်သူများနှင့်အတူ အသင်းမှ လည်း ထပ်တူ ကြေကွဲခံစားရပါတယ်” လို့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထုတ်ပြန်သော စာတမ်းတွင် ဖော်ပြခဲ့သည်။

■ သမိုင်း မှတ်တမ်း

ဆာ ဘော်ဘီ ချာတန် မှာ မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ကွင်းလယ်တိုက်စစ်မှူး ၊ ဘယ်တောင်ပံ တိုက်စစ်မှူး စသည့် နေရာများတွင် ကစားခဲ့ပြီး အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အဓိက ကစားသမား အဖြစ် အသုံးတော် ခံခဲ့သေးသည်။

မန်ချက် စတာ ယူနိုက်တက် အသင်းအတွက်(၁၉၅၆-၁၉၇၃) ၁၇ နှစ် ကာလ အတွင်း ပွဲပေါင်း ၇၅၈ ပွဲ ကစားပေးခဲ့ကာ ၂၄၉ ဂိုး သွင်းယူပေးခဲ့ပြီး မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဒ်ဖလား သုံးကြီမ်၊ FA ဖလား တစ်ကြိမ် နှင့် European Cup ခေါ် ချန်ပီယံလိဒ် ဖလား တစ်ကြိမ် ရယူပေးခဲ့သူ ဖြစ်သည်။

အင်္ဂလန် လက်ရွေးစင် အသင်းနှင့်အတူ နိုင်ငံတကာပွဲပေါင်း ၁၀၆ ပွဲ အထိ (၁၉၅၈-၁၉၇၀) ကာလ အတွင်း ပါဝင်ကစားပေးခဲ့ပြီး (၄၉) ဂိုး သွင်းယူကာ (၄၅)နှစ် ကာလ လုံး အင်္ဂလန် ၏ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် ရပ်တည်ခဲ့ သည်။

သို့သော် သူ၏ စံချိန်အား (၂၀၁၅) ခုနှစ် တွင် မန်ချက်စတာ ယူနိုက်တက်နှင့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ရွိန်းရွန်းနီ မှ ကျော်ဖြတ်ခဲ့သည်။

အင်္ဂလန် အသင်းနှင့်အတူ ၁၉၆၆ ခုနှစ် တွင် အကြီးမားဆုံး အောင်မြင်မှုအဖြစ် FIFA World Cup ခေါ် ကမ္ဘာ့ ဖလား အား ရယူပေးနိုင်ခဲ့ပြီး သူမတူအောင် စွမ်းဆောင်မှု အတွက် ထိုနှစ်တွင်ပင် Balloon d’Or (ဘလွန်းဒီအော ) ဆု အား ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဆာ ဘော်ဘီ ချာတန် ၏ သေဆုံးမှုအပေါ် ဘောလုံး အကျော် အမော် များ နှင့် ကလပ် အသင်းများမှ ဝမ်းနည်းကြောင်း စာလွှာ များ သက်ဆိုင်ရာ လူမှု ကွန်ယက် အသီး သီးတွင် ရေးသားတင်ခဲ့ကြသည် ။

လက်ရှိ ဖီဖာ ဥက္ကဌ ဖြစ်သူ Gianni Infantino (ဂျီအန်နနီ အင်ဖန်တီနိကပင် ဆာဘော်ဘီ ချာတန် အား ” ဘောလုံးမျိုးဆက်အပေါ် အကျိုးသက်ရောက်မှု များစွာ ပေးနိုင်ခဲ့သူ ဘောလုံး Legend ကြီး တစ်ဦး ” ဟု လူမှု ကွန်ယက်တွင် ဂုဏ်ပြု ရေးသားကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။