NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာ တိုက်ခိုက်ခံရ ဆိုရှယ်မီဒီယာအသုံးပြုသည့် တော်လှန်ရေးရဲဘော်များ သတိထားရန် အသိပေး

Author လင်းခိုင်
Categories
Published on Feb 03, 2023

 

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလ၏ လူမှုကွန်ယက်စာမျက်နှာ Facebook Page တိုက်ခိုက်ခံခဲ့ရကြောင်း ယာယီသမ္မတကြီးရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းအုပ်စုအား ဆန့်ကျင်သည့် အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၏ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်အား အောင်ပွဲခံနေကြစဉ် ည ၇ နာရီ၀န်းကျင်တွင် ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ထိုကဲ့သို့ ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရမှုကြောင့် စာမျက်နှာပေါ်တွင် တင်ထားသည့် အကြောင်းအရာအားလုံး ပျောက်ပျက်ခဲ့ကြောင်း သိရသည်။

ယာယီသမ္မတ၏ Facebook Pageအား နည်းပညာအဖွဲ့မှ ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ရယူနိုင်ပြီး၊ လက်ရှိတွင် ယင်းစာမျက်နှာ လုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စစ်ကောင်စီသည် အွန်လိုင်း တိုက်ခိုက်မှုများကို ယခင်ကထက် ဖိဖိစီးစီး လုပ်ဆောင်လာသည့်အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မိသားစု၀င်များ အားလုံးလုံး ပိုမို သတိထားကြရန်နှင့် လိုအပ်သည့် နည်းပညာဆိုင်ရာ အကြံဉာဏ်များအား သက်ဆိုင်ရာဌာနများတွင် ရယူပြီး ကြိုတင်ကာကွယ်ရန် တိုက်တွန်းထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ယာယီသမ္မတ #ဆိုက်ဘာတိုက်ခိုက်မှု