Express ကားအသုံးပြုပြီး မုံရွာသို့ ထွက်ခွာလာသည့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Dec 31, 2022

 

Express ကားအသုံးပြုပြီး မုံရွာသို့ ထွက်ခွာလာသည့် စစ်ကားကို မိုင်းဆဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း People’s Army to Fight Dicatorship တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တေဇက CJ Platform သို့ပြောသည်။

ဒီဇင်ဘာ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းမှ တပ်မ ၃၃ သည် အင်အား ၂၀ ခန့်ဖြင့် မြင်းမှုမြို့ အထက (၁) ကျောင်းအတွင်း ရောက်ရှိလာပြီး ထိုမှ တစ်ဆင့် Express ကားကို အသုံးပြုကာ မုံရွာသို့ထွက်ခွာလာစဉ် ဒေသခံ PDF များက ညနေ ၃နာရီ ၄၉ မိနစ်တွင် ၀မ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ေ-ွးတွေကတော့ ပြည်သူခရီးသွားကားပုံစံယူပြီး ကားအမျိုးမျိုးနဲ့ထွက်လာတာ၊ ဒါပေမယ့် ကျွန်တော်တို့က လမ်းကြောင်းတစ်လျှောက် သွားတဲ့ခွေးတွေကို သတင်းအတိအကျရတယ်။ အခုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် နှစ်ကောင်သေသွားတယ်လို့ သတင်းရတယ်” ဟု ဗိုလ်တေဇက ပြောသည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် အထက်ပါကားသည် မိုင်းတည့်တည့်ပေါ်ကျပြီး ထိခိုက်ခဲ့ကာ ရှေ့ဆက် မသွားနိုင်တော့ပဲ နောက်ပြန်ဆုတ်ခဲ့ရကြောင်း၊ ထိခိုက်မှုကြောင့် စစ်ကောင်စီတပ်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဒေသခံ PDF များအနေဖြင့် အထိအခိ်ုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

အထက်ပါ စစ်ဆင်ရေးအား People’S Army to Fight Dicatorship တပ်ခွဲ DK PDF(MMU) ၊ People’s Knjght Defense Force Myimu (PKDF-MMU)၊ Taungtha People Defnse Forceနှင့် D.B.B.F-MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဗီဒီရို- People’S Army to Fight Dicatorship
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #မြင်းမူမြို့