CJ Platform မှ ဖွင့်လှစ်သည့် Basic Journalism Training 2/2024 အတွက် သင်တန်းသားများ ခေါ်ယူခြင်း

CJ Platform မှ ဖွင့်လှစ်သည့် Basic Journalism Training သင်တန်း၊ သင်တန်းအမှတ်စဉ် Batch 2/2024 အား ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
သတင်းစာပညာဖြင့် ပြည်သူကို အလုပ်ကျွေးပြုလိုသူ မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသည့် လူငယ်များ၊သတင်းစာပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသည့် မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသည့် လူငယ်များ လျှောက်ထားရန် တိုက်တွန်းလိုပါသည်။ မသန်စွမ်းသူ၊ စစ်ဘေးရှောင်လူငယ်များ၊ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် လူငယ်များ လျှောက်ထားရန်လည်း တိုက်တွန်းပါသည်။
သင်ခန်းစာများကို Online မှတဆင့် Zoom Application ကို အသုံးပြုကာ သင်ကြားသွားမည်ဖြစ်ပြီး သင်ကြေးမှာ အခမဲ့ ဖြစ်ပါသည်။ သင်တန်းသားများကိုလည်း မည်သည့် ထောက်ပံ့ကြေးငွေမှ ပြန်လည် ပေးအပ်နိုင်မည် မဟုတ်ပါ။ သတင်းစာပညာကိုသာ သေချာတတ်မြောက်စေရန် သင်ကြားပေးမည် ဖြစ်ပါသည်။
သင်တန်းပြီးဆုံးပါက မိမိတို့၏ သဘောဆန္ဒအရ CJ Platform တွင် အလုပ်သင်သတင်းထောက်အဖြစ် ဝင်ရောက်လိုပါကလည်း ကြိုဆိုသွားမည်ဖြစ်ပြီး အခြားသော သတင်းဌာနများတွင် တာဝန်ထမ်းဆောင်လိုပါကလည်း သင်ခန်းစာများ ပြီးဆုံးအောင်မြင်သည်အထိ လုပ်ဆောင်ခဲ့သူ သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်ပါသည်။
တက်ရောက်လိုသူများသည် –
၁။ အသက်၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
၂။ လူမျိုးဘာသာ၊ အသားအရောင်နှင့် လိင်စိတ်ခံယူမှု ကွဲပြားမှုများကို လေးစားလက်ခံတန်ဖိုးထားသူ ဖြစ်ရမည်။
၃။ လူ့အခွင့်ရေးနှင့် ဒီမိုကရေစီစံနှုန်းများကို လေးစားတန်ဖိုးထားသူဖြစ်ရမည်။
၄။ မီဒီယာလုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားသူ ဖြစ်ရမည်။
၅။ သင်တန်းချိန်အား မပျက်မကွက် တက်ရောက်နိုင်သူ ဖြစ်ရမည်။
၆။ အင်တာနက်ရရှိနိုင်သောနေရာတွင် နေထိုင်သူ ဖြစ်ရမည်။
၇။ Zoom Application အား အသုံးပြုနိုင်သည့် ဖုန်း သို့မဟုတ် ကွန်ပျူတာရှိရမည်။
သင်တန်းသား ဦးရေ (၁၅)ဦးကိုသာ လက်ခံသင်ကြားပေးမည်ဖြစ်ပါသဖြင့် အမြန်ဆုံး လျှောက်ထားရန် တိုက်တွန်းပါသည်။
သင်တန်းလျှောက်ထားရန် Link >>> https://forms.gle/z7t9SCjE2VSLH1Vv6
ထပ်မံသိရှိလိုသည်များကို info@cjplatform.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။