NEWS

ဆရာမောင်သာချိုရဲ့ နောက်ဆုံးခရီး CJ Platform နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သူ စာရေးဆရာ မောင်သာချိုရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ ဇူလိုင် ၁၂ရက်နေ့ ညနေ ၃နာရီခန့်က ရေဝေးသုဿန်မှာ ကျင်းပခဲ့ပါတယ်။ ဆရာမောင်သာချိုဟာ အိပ်မက်ဖူး မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် လုပ်ဆောင်ခဲ့ဖူးပြီး လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြားဘာသာသိပ္ပံ၊ ရန်ကုန်တက္ကသိုလ်၊ မိတ္ထီလာဒီဂရီကောလိပ်၊ ဟင်္သာတကောလိပ်တွေမှာ စာသင်ကြားခဲ့ဖူးပြီး ပညာရေးတက္ကသိုလ်မှာ မြန်မာစာဌာန နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာ ဇာတိဖြစ်တဲ့ ဆရာမောင်သာချိုဟာ မောင်သာချိုအမည်နဲ့ စာပေများစွာကို ရေးသားခဲ့တဲ့အပြင် ဂျက် ကွမ်းခြံကုန်းကလောင်အမည်နဲ့လဲ စာပေများစွာကို ရေးသားခဲ့ဖူးသူဖြစ်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းယူပြီးချိန်မှာ ဆရာမောင်သာချိုကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခဲ့ပြီး ၂၀၂၂ခုနှစ် ဖော်ဖေါ်ဝါရီ ၂၂ရက်နေ့မှာ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဆရာမောင်သာချိုဟာ ဇူလိုင်လ ၁၀ရက်နေ့ မနက် ၈နာရီခန့်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူကွယ်လွန်ချိန်မှာ အသက် (၆၈)နှစ်ရှိပြီဖြစ်ပါတယ်။ #CJPlatform #မောင်သာချို #စာရေးဆရာ #ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သူ စာရေးဆရာ မ...

Read More

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း ၁,၃၀၀ ကျော်ကို အလုပ်ထုတ်

ဖက်ဒရယ်အစိုးရကို အရွယ်အစားလျှော့ချဖို့ ရည်ရွယ်တဲ့ ထရ...

Read More

အိန္ဒိယလေယာဉ်ပျက်ကျမှုဟာ လောင်စာဆီဖြတ်တောက်ခံရတာကြောင့်လို့ ဆို

အိန္ဒိယနိုင်ငံ အာမက်ဒါဘတ်မြို့မှာ ဇွန်လ ၁၂ ရက်နေ့က မြ...

Read More

ခြောက်လအတွင်း စစ်ကောင်စီဘက်က လက်နက်ချအလင်းဝင်သူ ၁၅၀၀ နီးပါးရှိ

နိုင်ငံတစ်ဝန်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်း...

Read More