“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇန်နဝါရီ ၁၄ မှ ၂၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jan 20, 2024

လှုပ်ခပ်ခြင်းမရှိတဲ့ ငွေကြေးဈေးကွက်

 

ဒီတစ်ပတ် နိုင်ငံခြားငွေကြေးဈေးကွက်ဟာ ပြီးခဲ့တဲ့အပတ်က ဈေးနှုန်းတွေအတိုင်း အများကြီး အပြောင်းအလဲမရှိဘဲ ငြိမ်သက်နေခဲ့ပါတယ်။

 

အမေရိကန်နဲ့ စင်ကာပူဒေါ်လာတို့ တစ်ဒေါ်လာ ငါးကျပ်စီတက်ပေမဲ့ ကျန်ငွေကြေးတွေအားလုံး ပြီးခဲ့တဲ့အပတ်ကအတိုင်းပါပဲ။

 

အရောင်းအဝယ်ပိုင်းမှာလည်း မဖြစ်မနေလိုအပ်သူတွေသာ အရောင်းအဝယ်လုပ်ခဲ့ကြပြီး Panic buying လိုမျိုး ဝယ်ယူတာမျိုးတွေလည်းမရှိခဲ့ပါဘူး။

 

ဇန်နဝါရီ တတိယပတ်ထဲ အမေရိကန် တစ်ဒေါ်လာ ၃၄၅၅ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၆၀၅ ကျပ်၊ ထိုင်း တစ်ဘတ် ၉၉ဒဿမ၅၀ ကျပ်၊ ဂျပန် တစ်ယန်း ၂၃ဒဿမ၈၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၇၄၇ ကျပ်နဲ့ တရုတ် တစ်ယွမ် ၄၈၃ ကျပ်ဖြစ်ပါတယ်။