မြန်မာ့ဒီမိုကရေစီအား အချိန်မီကာကွယ်ရန် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာမှ ထိရောက်သည့် ပံ့ပိုးမှု အချိန်မီပေးအပ်ရန် CRPHတောင်းဆို

Author လင်းခိုင်
Categories
Published on Sep 15, 2022

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအား အချိန်မီကာကွယ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာမှ ထိရောက်သည့် ပံ့ပိုးကူညီများ အချိန်မီပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့တွက်ကျရောက်သည့် နိုင်ငံတကာဒီမိုကရေစီနေ့နှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။

အန္တရာယ်တွင်းကျရောက်နေသည့် မြန်မာ့ဒီမိုကရေစီကို အချိန်မီကာကွယ်တားဆီးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုပြီး ထိရောက်သော ကူညီပံပိုးမှုများ အချိန်မီပေးအပ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအစိုးရများ လွှတ်တော်များ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များကို တိုက်တွန်းကြောင်း CRPHကတောင်းဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာပါလီမန်များအဖွဲ့က ဒီမိုကရေစီကြေညာစာတမ်းထုတ်ပြန်ခဲ့သည်မှာ ၂၅နှစ်ပြည့်မြောက်ပြီဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်း လက်နက်နှင့်အာဏာအလွဲသုံးစားပြူလုပ်မှုကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့် စုဝေးခွင့် သတင်းရယူပိုင်ခွင့် တရားဥပဒေစိုးမိုးမှာ လူ့အခွင့်အရေးစသည့် ဒီမိုကရေစီစံနှုန်းများ ထိခိုက်နေသည်ဟု CRPHထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတွင် ကြိုးပမ်းတည်ဆောက်ထားသည့် ဒီမိုကရေစီအသီးအပွင့်သည်လည်းကာလတိုအတွင်းပျက်စီးသွားကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပြည်သူများကိုဖမ်းဆီးထောင်ချခြင်း သတ်ဖြတ်ခြင်း နေရပ်စွန့်ခွာထွက်ပြေးရန်ဖိအားပေးခံနေရခြင်းတို့ကြောင့် အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကိုကြီးမားစွာခံနေရသည့် မြန်မာပြည်သူများကို ရပ်တည်ကြောင်းပြသရန် စကားလုံးဖြင့်မဟုတ်ဘဲ ထိရောက်သောလုပ်ဆောင်ချက်များဖြင့် ထောက်ခံရန်အချိန်ကျပြီဟု CRPHက ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

စစ်ကောင်စီသည် တစ်ဖက်တွင်အရောင်ပြပြီး ပွင့်လင်းမြင်သာမှုမရှိသည့် ရွေးကောက်ပွဲကျင်းပပေးမည်ဆိုသည်မှာ နိုင်ငံတကာကို လှည့်စားရန်ကြိုးပမ်မှုသက်သက်ဖြစ်ပြီး ဒီမိုကရေစီအရေးဆောင် ရွက်သူများကို သတ်ဖြတ်နေသူများဖြစ်သဖြင့် ယင်းရွေးကောက်ပွဲကျင်းပရန် စီစဥ်နေမှုကိုအချိန်မီတားဆီးကန့်ကွက်ရမည်ဟု CRPHကထုတ်ပြန်ထားသည်။

Related News

Depend on news