စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးအပါအဝင် ၄၈ ဦး ကိုဗစ်ကူးစက်၍ ဆေးရုံတင်ထားရ

Author အောင်နိုင်သူ
Categories
Published on Sep 15, 2022

စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးအပါအဝင်ဝန်ထမ်း ၄၈ ဦး ကိုဗစ်ကူးစက်၍ ဆေးရုံတင်ထားရသည်ဟု ဝန်ကြီးဌာနနှင့် နီးစပ်သူတွေထံက သိရသည်။

နေပြည်တော်၌ ဩဂုတ်လကုန်မှစ၍ ကိုဗစ်(၁၉) ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းများလာပြီး စစ်ကောင်စီလက်အောက်ခံ ပိုဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်န်ကြားရေးမှူး အပါအဝင်ဝန်ထမ်း၄၈ ဦးတွင် ရောဂါပိုးတွေ့ရှိရသဖြင့် ပုဗ္ဗသီရိမြိုနယ်ဆေးရုံ ကုတင်-၃၀၀ ၌ ဆေးကုသမှုခံယူနေရသည်ဟု အမည်မဖော်လိုသူတစ်ဦးက CJ Platform ကိုပြောသည်။

“အခုရုံးကလူတွေလည်း ကြောက်နေတယ် ကွင်းဆက်အနေနဲ့ ကူးလာမှာစိုးလို့ အဲ့သတင်းကြားပြီးကတည်းက ညွှန်ချုပ်က ရုံးမလာတော့ဘူး အချို့ဝန်ထမ်းတွေက အိမ်ကပဲလုပ်ပေးတော့တယ်”ဟု ရှင်းပြသည်။

ကူးစက်ခံရသူ ၄၈ ဦးဆေးရုံတက်ပြီးနောက် ထပ်မံကူးစက်လာသူများရှိ၍ Non CDM ဝန်ထမ်းများကို (၂)ပတ်ရုံးတက်၍ (၂) ပတ် နေအိမ်မှရုံးလုပ်ငန်း လုပ်ဆောင်ရန် ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၁၂ ရက်က ညွှန်ကြားခဲ့သည်ဟု ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“ဒုညွှန်ကြားရေးမှူးနဲ့ အထက်တွေ ရုံးတက်ရမယ် ကျန်တဲ့သူတွေက အိမ်ပဲလုပ်ရမယ် ကူးစက်တဲ့သူအတော်များနေ
တာ”ဟု ပြောသည်။

လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက်ဝန်ထမ်းအားလုံး၏ တစ်ဝက်သည် ၂ ပတ်ရုံးတက်၍ ကျန်တစ်ဝက်သည် ၂ ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းများကို အလှည့်ကျဆောင်ရွက်ရမည်ဟု ၎င်းကဆက်၍ပြောသည်။

လက်ရှိအခြေအနေတွင် ၂ ပတ်နေအိမ်၌ အလုပ်လုပ်ကိုင်ရန်အလှည့်ကျသည့် ဝန်ထမ်းများသည် နေထိုင်ရာ အဝန်းအဝိုင်း (အိမ်၊အဆောင်၊ရိပ်သာ၊အိမ်ရာ)အတွင်း၌ သာနေထိုင်ဆောင်ရွက်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် ဈေးဝယ်ထွက်ခြင်းတို့မှလွဲ၍ ပြင်ပသို့ လုံးဝ (လုံးဝ)သွားလာခြင်းမပြုရဘဲ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေခရီးသွားရန်ရှိပါက တာဝန်ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာ သွားလာရမည်ဖြစ်ကြောင်း သိရသည်။
#Covid #ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန #ညွှန်ကြားရေးမှူး