“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဒီဇင်ဘာ ၁၀ရက်မှ ၁၆ရက်ထိ)

Author ကိုထားဝယ်
Categories
Published on Dec 17, 2023

“ကန်ဒေါ်လာ၊ ဘတ်နဲ့ ယွမ်တို့ ကျသော်ငြား စင်ကာပူဒေါ်လာတက်”

 

အလှုပ်အခပ်များနေတဲ့ နိုင်ငံခြားငွေဈေးတွေဟာ ဒီတစ်ပတ်ထဲမှာလည်း အလှုပ်အခပ်တွေရှိနေခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ် ယွမ်ဈေးတွေ ကျဈေးနဲ့လှုပ်ပေမယ့် စင်ကာပူဒေါ်လာကတော့ တက်ဈေးနဲ့လှုပ်တာကို တွေ့ခဲ့ရပါတယ်။

 

ကန်ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့အပတ်ကနဲ့နှိုင်းယှဉ်ရင် တစ်ဒေါ်လာကို ၃၅ ကျပ်ကျသလို တရုတ်ယွမ်ကတော့ အရင်ပတ်ကထက် တစ်ယွမ် ၁၀ ကျပ်ဝန်းကျင်ကျတဲ့အပြင် ထိုင်းတစ်ဘတ်ကို ၂ ကျပ်ခန့်ကျတာကို တွေ့ရပါတယ်။ စင်ကာပူဒေါ်လာဈေးကတော့ အရင်ပတ်ကထက် တစ်ဒေါ်လာ ၃၀ ကျပ်တက်တာကို တွေ့ခဲ့ရပါတယ်။

 

လက်ရှိ ငွေကြေးဈေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာ ၃၅၂၅ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၂၆၀၅ ကျပ်၊ ထိုင်းတစ်ဘတ် ၉၈ဒဿမ၅၂ ကျပ်၊ တရုတ် တစ်ယွမ် ၄၇၈ ကျပ်နဲ့ မလေးရှား တစ်ရင်းဂစ် ၇၅၂ ကျပ်ဖြစ်ပါတယ်။