ရေးမြို့ရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် NUG ကာကွယ်ရေး ဒုဝန်ကြီးတို့ တွေ့ဆုံ

Author အဂ္ဂ
Categories
Published on Dec 14, 2023

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MoD)၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်သည် ရေးမြို့နယ် တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ယနေ့ (ဒီဇင်ဘာ ၁၄ ရက်)က သွားရောက်တွေ့ဆုံခဲ့ကြောင်း MoDက ထုတ်ပြန်သည်။

ထိုတွေ့ဆုံပွဲတွင် စစ်ဆင်ရေးကိစ္စများ၊ ထောက်ပို့ကိစ္စများ၊ တပ်ဖွဲ့စည်းမှုကိစ္စများ၊ ပြည်သူ့တော်လှန်ရေးတပ်မှ ရဲဘော်များ၏ အခက်အခဲနှင့် လိုအပ်ချက်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတွေ့ဆုံပွဲကို တောင်ပိုင်းတိုင်း စစ်ဒေသ တာဝန်ရှိသူများ၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း-၁၊ ရေးပြောက်ကျားတပ်(YGF)၊ Ye Defence Force(YDF)၊ Mon State Revolutions Organization(MSRO)၊ Ye Air Force(YAF) စသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ တက်ရောက်ခဲ့ကြသည်ဟု MoD ထံမှ သိရသည်။

 

ဓာတ်ပုံ – NUG_ MoD